Wednesday, 18 January 2012

ရက်၊လ၊နှစ်

အဖြူရောင်၊အောင်မြင်မှု နဲ့ ငွေ
ငါ့ ငယ်စာရင်းကဖျက်၊
မဆုံဖြစ်တာတော်တော်ကြာပြီ .....။

ပြန်ပေးလိုရတာရှိတယ်
သိမ်းထားလို့ရတာရှိတယ်
ရင်နာစရာတစ်ခုမှ မပါဘူး
ဗလာသက်သက် ဘ၀ကိုအုပ်မြစ်ချခဲ့ ....
တစ်ဘ၀စာ လိပ်ပြာမသန့်နိုင်ပေမယ့်
အနာဂါတ်မှာ စောင့်နေတဲ့ အမှောင်ကတော့ အဆင်သင့် ...။

ဒီလိုပဲ ..
ပန်းတွေပွင့်နေတယ်
တချို့ကြွေနေတယ်
တချို့ လေနေတယ်
အ၀ိဇ္ဇာ မကင်းတဲ့နေ့မှာ
ကိုယ့်နာမည်ကို ယောင်ယောင်ခေါ်တာ
သုံးဆယ့်တစ်ကြိမ်မြောက် ....

နောက်ဆုံးတော့လည်း
အခန်းအနားပြီးဆုံးကြောင်းကြေငြာ
လက်ခုပ်သံတွေဝေေ၀ဆာဆာ
အဲဒါပဲကြည့်
လူတွေဘယ်လောက်တောင်
အိမ်ပြန်ချင်နေကြပြီလဲဆိုတာ .........။

No comments:

Post a Comment