ကန့်သတ်ချက်မရှိပါဘူး ..
လူဆိုတာ အကုသိုလ် ထုတ်စက်ရုံတစ်လုံးပေါ့ ..
တနေ့ကို
စကားဆယ်ခွန်းထက်ပိုပြောတယ် ...
တနေ့ကို
အနည်းဆုံး အင်္ကျီတစ်ခါလဲတယ်...
တချို့ က ဆေးလိပ်သောက်တယ်
တချို့ ကကွမ်းစားတယ်၊
တချို့ က ပုံမှန်ရေချိုးတယ်၊
တချို့ က အလှပြင်တယ်၊
တချို့ က လေချွန်တယ်၊
တချို့ က သီချင်းဆိုတယ် ...
ကန့်သတ်ချက်မရှိပါဘူး ...
လူဆိုတာ
လမ်းဘေးမှာ လဖက်ရည်တစ်ခွက်
ထိုင်သောက်နေရုံလေးနဲ့
ကမ္ဘာကြီးကို အရောင်တင်ပေးကြတာမျိုးပါ ...
သက္ကရာဇ်
copyright©thetkariz2012
No comments:
Post a Comment