Wednesday, 17 October 2012

သမားရိုးကျ နေ့စွဲများ




ငါ...
တကယ်ပျံ တော့မယ်ဆိုမှ ...
တောင်ပံ တစ်ဖက်ပြုတ်ထွက်နေမှန်း သိခဲ့တယ်...
ဘာတေးဆိုလို့ ချော့သိပ်ခံခဲ့ရမှန်းမသိဘူး ....
ပြန်နိုးလာချိန်ကြ ဟောဒီနှလုံးသားတစ်ခုလုံး
အဆိပ်သီးတွေ သီးလို့ ....
အတုတွေက အစစ်ယောင်ဆောင်၊
ဘာမှမရေရာပါဘူး ...

ဖြစ်သလိုဖန်ဆင်းထားတဲ့ ချစ်ခြင်းတွေ ဟိုတစ်စ၊ဒီတစ်စ ...
ကြုံသလို သီကုံးထားတဲ့ သံယောဇဉ်တွေ
တောင်စဉ်ရေမရ ....
''လက်ထဲမှာ ကိတ်မုန့်တစ်လုံးရှိလို့၊
ပေါင်မုန့်ကိုငြင်းပယ်တယ်ဆိုပေမယ့် ..
ငါက မီးကင်ခံထားရပြီးပြီလေ ...
မေရီအင်တွိုင်းနက် ရဲ့'''.....။

ဒီလိုပါပဲ ...
ဘဝဆိုတာ နေသာသလိုနေခွင့်မရတာက လွဲရင် ...
ပုံမှန် အသက်ရှုခွင့်တော့ ရနေသေးတာပဲ ....
ငါကံကောင်းပါတယ် ....။

copyright©thetkariz


No comments:

Post a Comment