ဖေါက်ထုတ်လိုက်နဲ့ သွေးထဲမှာ
သုံးလက်စ သံယောဇဉ် တစ်ပိုင်းတစ်စ
ဖိတ်စင်ခဲ့ ရဖူးလား....
ကြိုးစားလိုက်ပါဦးလေ ...
စက္ကူပေါ် ကအောင်မြင်မှု ကို
ရွတ်ဖတ်ပြရတာ ကိုယ့်ကိုကိုယ် လိပ်ပြာမသန့်နိုင်သရွေ့
ခင်ဗျားရဲ့ ဟန်ဆောင်ခြင်းဟာ
သမားရိုးကျ သိပ်ဆန်လွန်းသေးတယ် ....
ကြိုက်တဲ့ ပုံစံနဲ့တိုင်းတာလိုက်
ကိုယ် ရပ်နေတဲ့ နေရာသာ
ကိုယ့် ဗဟိုချက်ဖြစ်တယ် ....
ယုံချင်မှ ယုံပေါ့ ...
ကမ္ဘာ ကမီးမလောင်သေးဘူး
ကိုယ့် ကိုကိုယ် ချနင်းထားတာ
လူ့ကျင့်ဝတ်တွေ စုတ်ပြတ်သတ်တဲ့ အထိ....
ငါတို့က ဒဏ်ရာတွေချည်း
တစ်ကိုယ်စာ ဝတ်ဆင်ခဲ့ တာလေ ...
လှော်ရင်းနဲ့ နစ်တော့လည်း
နစ်ရင်းနဲ့ ဆက်လှော်ရုံပဲပေါ့ ....
ပူဆွေးခြင်းကို ဆိုင်းကြိုးတပ်ပြီး
ကောင်းကင်မှာ ကခိုင်းထားလိုက်တယ် ....
မီးမတိုးတဲ့ ပိုးဖလံ
ဦးဏှောက်မဲ့ လွန်းတယ် ဆိုလို့ပါ ....
သြော် ....
ဖိနပ်တစ်ဖက် သဲကြိုးပြတ်သွားရုံနဲ့
စိတ်ကူးတွေ တောဝင်ကုန်ပါရောလား ....
ဘယ်သူပြောလည်း
'' အိမ်မက်ထဲ ခရီးထွက်ရတာ မပင်ပန်းပါဘူး '' လို့ ....
ဒီမှာ....
အယောင်ယောင် အမှားမှားနဲ့
သွေးတွေတောင်ဖေါက်ထုတ်လိုက်မိတယ် .....
သမားရိုးကျ သိပ်ဆန်သွားမလား မသိဘူး ....
သက္ကရာဇ် (၂၅၊၀၂၊၁၉၇၇ - ?? ၊ ?? ၊ ???? )
copyright©thetkariz2012
No comments:
Post a Comment