အဖန်တရာထိမှ နာတာမဟုတ်ဖူး ....
သံသရာမှာ၊ မမှန်တာတွေရှိနေသေးသမျှ၊
ခံစရာရှိလို့ ခံလိုက်ရတယ်ပဲ မှတ်ပါတယ် ....
ပြန်မလာတဲ့ လမ်းတွေရယ်
အံစရာ လက်ကျန်မရှိတော့တဲ့ အစာအိမ်ရယ် ... ပဲရှိတော့တာလေ ...
ဟောဒီလို .....
ဝေဖန်တဲ့ အသံတွေကြားထဲ ...
အသေခံ တိုက်ရတာ
ရေဆန်တိုး ရတဲ့လှေလို ...
ငါ..တော်တော် မောလှပြီ .....
နောက်ဆုံးတော့ ...
မဆုံချင်တာဆုံခဲ့ ...
မကြုံချင်တာ ကြုံခဲ့ရတဲ့ ဘဝမှာ ...
မယုံချင်လည်း ယုံခဲ့ရတယ် ....
ဒီမှာ .... ကိုယ့်လူ ...
'' ပုံပြင်ဆိုတာ ဘယ်တော့မှ မရိုးဘူး '' တဲ့ ......။
သက္ကရာဇ် ( ၂၅ ၊ ဝ၂ ၊ ၁၉၇၇ - ၊ ၊ )
copyright©thetkariz2012
No comments:
Post a Comment