Friday, 19 October 2012

ဖြစ်စဉ် ....



 ပူပူလောင်လောင် ပဲ
အိပ်မက်တွေ ဖြစ်ကတတ်စမ်း
မက်ပစ်လိုက်တယ် ....

ယတြာ မစွမ်းသလို
စိတ်ကူးစိတ်သန်းတွေလည်း
မိမဆုံးမ၊ဖမဆုံးမဖြစ် .....

တော်ရုံတန်ရုံ ကောက်ကျစ်တတ်ရုံနဲ့တော့
ဒီတောမှာ တိရိစ္ဆာန်တောင် ဖြစ်ခွင့်ရမှာမဟုတ်ဘူး ....

ကြိုက်တဲ့ ကြေးနဲ့လောင်း ....
ပုံသေနည်းတွေ သတ်ပုံမမှားသရွေ့
နယူတန်လည်း လက်မထောင်နေဦးမှာပဲ ...
ပန်းသီးတွေလည်း ကြွေကျနေဦး မှာပဲ .....
ဒီလိုပဲ ...
အာဒံလည်း ဧဒင်ဥယျာဉ် ကို ကျောခိုင်းရဦးမှာပဲ ....

တော်ရုံတန်ရုံ ဟောင်တတ်ရုံနဲ့တော့
ဒီပြဇာတ်မှာ ခွေးတောင်ဖြစ်ခွင့် ရှိမှာမဟုတ်ဘူး ....


ပူပူလောင်လောင်
အိပ်မက်တွေ ဖြစ်ကတတ်ဆန်း
မက်ပစ်လိုက်တာပဲကောင်းပါတယ် .....
သက္ကရာဇ် ( ၂၅ ၊ ၀၂ ၊ ၁၉၇၇ - ?? ၊ ?? ၊ ???? )

copyright©thetkariz2012

No comments:

Post a Comment